အဖွဲ့အစည်းတွင်းမတရားမှုများကိုဖော်ထုတ်ခြင်း (ခရာမှုတ်ခြင်း)

သတင်းပေးဖော်ထုတ်ခြင်း ဆိုသည်မှာ မလျော်ကန်သော အပြုအမူ၊ ဆိုးရွားနိမ့်ကျသည့် (သို့) လက်ခံနိုင်ဖွယ်မရှိသော အမူအကျင့်များ၊ ပုံမှန်မဟုတ်ခြင်းများ၊ အဖွဲ့အစည်းအတွင်း အကျင့်ပျက် ခြစားမှုများ (သို့) လိမ်လည်မှု များနှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်မှုများအား သက်ဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဖက်များမှ လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်ပူပန် မှုရှိစရာမလိုဘဲ ရှင်းလင်းပြီး လုံခြုံစိတ်ချရသည့် လမ်းကြောင်း မှ တဆင့် အသိပေးဖော်ထုတ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဆင့်အတန်း မြင့်မားသော ရိုးသားဖြောင့်မတ်မှုကို ထိန်းသိမ်းရန် ကတိကဝတ် ပြုလျက် ဝန်ထမ်းများ နှင့် မိတ်ဖက်များ အနေဖြင့် စိုးရိမ်မကင်း ဖြစ်စရာ ကိစ္စများရှိပါက ထုတ်ဖော် ပြောကြားနိုင်ရန်အတွက် လျင်မြန်ရိုးရှင်းပြီး၊ အကယ်၍ သတင်းပေးသူအနေဖြင့် အမည်မဖော်လိုပါက လျှို့ဝှက်စွာ သတင်းပေးနိုင်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးထားပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့၏မူဝါဒများ နှင့် ဆန့်ကျင် နေသည့် မသင့်လျော်သော လုပ်ဆောင်မှုများ (သို့) အပြုအမူ များအား တားဆီးနိုင်ရန် နှင့် တုံ့ပြန်နိုင်ရန် အတွက် အသုံးပြုနိုင်မည့် လမ်းကြောင်း အား အဖွဲ့အစည်းစနစ်အတွင်း မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းအဖြစ် ထည့်သွင်း ထားပါသည်။

သင်အသိပေးလိုသည့် အကြောင်းအရာ အသေးစိတ်အား အောက်ဖော်ပြပါ ပုံစံတွင် ရေးသွင်းပြီး လျှို့ဝှက် ပေးပို့နိုင်ပါသည်။ အကယ်၍ သင်၏အမည် (သို့) အီးမေးလ် လိပ်စာအား မဖော်ပြလိုဟု ရွေးချယ်လျှင် သင်၏ အမည်မဖော်လိုမှုအား ထိန်းသိမ်း လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း တာဝန်ယူ ပါသည်။



    ဤသတင်းပေးဖော်ထုတ်ခြင်း ပုံစံအား ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှု မူဝါဒအတိုင်း စီမံ ဆောင်ရွက်ပါမည်။